Find Property:

Yoma Central

Tower 1 under construction at Yoma Central

ချစ်ခင်ရပါသော မိတ်ဆွေများ၊ ရင်းနှီးမြှုပ်နှံသူများနဲ့ မိတ်ဖက်များခင်ဗျာ။

ယနေ့ ကျွန်တော်တို့ Yoma Central ဆောက်လုပ်ရေးလုပ်ငန်းခွင်၏  နောက်ဆုံးတိုးတတ်မှုအခြေအနေသတင်းများ ကို ဝမ်း‌မြောက်စွာနဲ့ ဝေမျှလိုက်ရပါတယ်။ ပထမဦးစွာ တိုးတက်လာသော တာဝါ ၁ ၏ ဆောက်လုပ်ရေးအခြေအနေကို ကြည့်ခြင်းအားဖြင့် YCP ၏ ကောင်းမွန်သော လုပ်ဆောင်မှုကို သိသာထင်ရှားစေပါတယ်။ ယခုတွင် ၂၂ လွှာ အထိ လုပ်ဆောင်ပြီး ဖြစ်တာကြောင့် ဆက်လက်ဆောက်လုပ်ရန် အလွှာ ၄ လွှာ သာ ကျန်ရှိတာ ဖြစ်ပါတယ်။ တာဝါ ၁ နှင့် ၂ ၏ မျက်နှာစာများကိုလည်း ထပ်မံမွမ်းမံဆောင်ရွက်ပြီးပြီ ဖြစ်ပါတယ်။ MEP ကို လုပ်ငန်းခွင်၏ နေရာအနှံ့တွင် တပ်ဆင်ထားပြီး အတွင်းနံရံများမွမ်းမံခြင်းလုပ်ငန်းများလည်း တိုးတက်လာပြီ ဖြစ်ပါတယ်။ အခုလို ခက်ခဲသောအချိန်ကာလတွင် သိသာထင်ရှားသောအားထုတ်မှုများပြုလုပ်ခဲ့ကြတဲ့ ကျွန်တော်တို့၏ကန်ထရိုက်တာများဖြစ်ကြတဲ့ BTJV / BYMA တို့ရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့၏အလုပ်သမားများနှင့် ၀န်ထမ်းများအတွက် လုပ်ငန်းခွင်လုံခြုံမှုကို သေချာကာကွယ်ဆောင်ရွက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့သည့်နှစ်တွင် ကျွန်တော်တို့သည် BTJV နှင့် အခြားတိုက်ရိုက်အလုပ်လုပ်သော ကန်ထရိုက်တာများထံမှ သတင်းအချက်အလက်အမြောက်အများကို ရရှိကိုင်တွယ်ခဲ့ပါတယ်။ ကျွန်တော်တို့တွင်ရှိသည့် အတိုင်းအတာများမှာ-

  • လုပ်ငန်းခွင် (စစ်ဆေးမှုအားလုံး) တွင် စစ်ဆေးမှု ၁၄၀၀၀ ကျော်ပြီးစီးခဲ့ပြီး NCR ၅၂၀ ထုတ်ခဲ့သည်။
  • ထုတ်ပြန်စာပေါင်း ၁ဝ၅၀ နီးပါးကိုလက်ခံရရှိခဲ့ပြီး ၇၀၀ ကျော် ပြန်လည်စာပြန်ပို့နိုင်ခဲ့သည်။
  • လုပ်ငန်းခွင်အတွက် ပုံများ (Drawings) ၁၅,၅၀၀ ကျော်နှင့် RFA ၃,၂၀၀ ကျော်အား လက်ခံပြန်ကြားခဲ့သည်။
  • အပတ်စဉ် လုပ်ငန်းခွင်အတွက် ဘေးကင်းလုံခြုံရေးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ နောက်ဆက်တွဲလုပ်ဆောင်မှုအားလုံးကိုမှတ်တမ်းတင်ခဲ့ပြီး ရာနှင့်ချီသော အခြားကျန်းမာရေးနှင့်ဘေးကင်းရေး ဆိုင်ရာ ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။
  • ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် EDGE မှ အတည်ပြုချက် အဆင်သင့်ဖြစ်နေစေရန် ရာပေါင်းများစွာသော စာရွက်စာတမ်းများကို ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

ကျွန်တော်တို့သည် ၂၀၂၁ ခုနှစ်တွင် Interior Design Drawing များ ရေးဆွဲထုတ်ဝေခြင်းနှင့် ပတ်သက်၍ ကြီးမားသောအပြောင်းအလဲကိုတွေ့ရမည်ဖြစ်ပြီး ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာကာ လုပ်ငန်းခွင်ကို ပိုမိုအာရုံစူးစိုက်၍ လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် ယခင်ကထက် ပိုမိုအလုပ်များလာမှာပဲ ဖြစ်ပါတယ်။


ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ နောက်ဆုံးတိုးတတ်မှုအခြေအနေသတင်းများ
တာ၀ါ (၁) – The Peninsula Residences Yangon

တာဝါ (၁) ၏ အဆောက်အဦ၏ ကြမ်းခင်းလောင်းခြင်းလုပ်ငန်းမှာ အလွှာ ၂၂ ထိ ရောက်ရှိနေပြီဖြစ်ပြီး ၂၃ လွှာ ကိုလည်း စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ၁၅ လွှာတွင် ပထမအဆင့်နှင့် ဒုတိယအဆင့် စက်မှု၊လျှပ်စစ်နှင့်ပိုက် တပ်ဆင်ခြင်း လုပ်ငန်းများကို ပြုပြင်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ၁၁ လွှာတွင် Unitised façade panels တပ်ဆင်ခြင်းများကို ဆောင်ရွက်နေဆဲဖြစ်၍ ၁၄ လွှာတွင် အတွင်းပိုင်းအုတ်စီခြင်းလုပ်းငန်းကို ဆက်လက်ဆောင်ရွက်နေသည်။

Tower 1 West View
တာ၀ါ (၂) – Westin Hotel

ကျွန်တော်တို့သည် ၁၈ လွှာ တွင် အတွင်းပိုင်းအုတ်စီခြင်းလုပ်ငန်းများ လုပ်ဆောင်ပြီး ဖြစ်၍ ယခုအခါ ၁၉ လွှာကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ၁၁ လွှာတွင် ပထမအဆင့်နှင့် ဒုတိယအဆင့် စက်မှု၊လျှပ်စစ်နှင့်ပိုက် တပ်ဆင်ခြင်း လုပ်ငန်းများကို ပြုပြင်လုပ်ဆောင်နေဆဲ ဖြစ်ပြီး၊ ၇ လွှာနှင့် ၈ လွှာတွင် Unitised façade panels များတပ်ဆင်နေပြီ ဖြစ်သည်။ Basement ၁ လွှာ မှ ၂ လွှာ အထိ အတွင်းပိုင်းဘလော့များပြုလုပ်နေပြီဖြစ်ပြီး ၆ လွှာနှင့် ၇ လွှာတွင်လည်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

Tower 2 South West View
Tower 2 South West View
Tower - 1, 2 West South View
Tower – 1, 2 West South View
တာ၀ါ (၃/၄) – ရုံးများ

တာဝါ (၃) ၏ ၈လွှာနှင့် ၉ လွှာတွင် ကျောက်ပြားတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေဆဲဖြစ်ပြီး  အတွင်း အုတ်စီခြင်းလုပ်ငန်းများကို ၃ လွှာအထိ၊ ပထမဆင့် စက်မှု၊လျှပ်စစ်နှင့်ပိုက် တပ်ဆင်ခြင်း လုပ်ငန်းများကို ၃လွှာ နှင့် ၄လွှာ အထိ လုပ်ဆောင်နေသည်။ တာဝါ (၄) တွင် ၁၀လွှာနှင့် ၁၁ လွှာ ၌ ကျောက်ပြားတပ်ဆင်ခြင်းစတင်ဆောက်လုပ်နေသည်။ အတွင်း အုတ်စီခြင်းလုပ်ငန်းများကို ၂ လွှာ နှင့် ၃ လွှာတွင် လုပ်ဆောင်နေဆဲ ဖြစ်ပြီး ပထမဆင့် စက်မှု၊လျှပ်စစ်နှင့်ပိုက် တပ်ဆင်ခြင်း လုပ်ငန်းများကို ၃လွှာ နှင့် ၄လွှာ အထိ လုပ်ဆောင်လျက် ရှိသည်။ မကြာမီတွင် တာဝါ ၃ နှင့် ၄ တို့၌ Unitised facade panels တပ်ဆင်ခြင်းလုပ်ငန်းများကို စတင်တော့မည် ဖြစ်သည်။

Tower 3 and Tower 4 North East View
Tower 3 and Tower 4 North East View
စွမ်းအင်စင်တာ

လတ်တလောတွင် Genset၊ TX နှင့် GIS များကို နေရာချထားပြီး ဖြစ်ပြီး တပ်ဆင်ခြင်း လုပ်ငန်းများကို  လုပ်ဆောင်လျက်ရှိသည်။ Chiller ကို အောင်မြင်စွာ တပ်ဆင်ထားပြီး အအေးခန်းတာဝါမှာ ရောက်ရှိရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

Tower 3 and Energy Center South West View
Tower 3 and Energy Center South West View
Yoma Central နှင့် Slade Property Services တို့မှ ရုံးခန်းငှားရမ်းခြင်းအတွက် သဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့

Yomal Central ၏ Grade A ရုံးခန်းများ ငှားရမ်းခြင်းအတွက် Slade Property Services နှင့် သီးသန့်အေးဂျင့်အဖြစ် ငှားရမ်းခြင်းဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးလိုက်ရပါသည်။ အဆိုပါ သဘောတူညီချက်စာချုပ် သက်တမ်းမှာ ၂နှစ် ဖြစ်ပြီး လက်မှတ်ရေးထိုးပြီးသည်နှင့် ဇန်န၀ါရီလ ၁၉ရက်နေ့မှ စတင်လုပ်ကိုင်သွားမည် ဖြစ်ပါသည်။ စာချုပ်အရ Slade Property Services (SPS) သည် ခန့်မှန်းခြေအားဖြင့် ဇန်န၀ါရီ ၂၀၂၁  မှ စ၍ YCP ရုံးခန်းများကို ငှားရမ်းရမည် ဖြစ်ပါသည်။

ရန်ကုန်မြို့၏စီးပွားရေးအချက်အချာကျသောနေရာတွင် တည်ရှိသော Yoma Central ၏ ၂၄ ထပ်ရှိ ရုံးခန်းတာဝါနှစ်ခုသည် ၂၀၂၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးနိုင်ရန် စီစဥ်ထားသည်။ ရုံးခန်းတာဝါများအနေဖြင့် မြို့တွင်း၌ ၇၅၀၀၀ စတုရန်းမီတာရှိသော Grade-A လုပ်ငန်းခွင်နေရာများကို အကောင်းဆုံး စျေးဝယ်နေရာ၊ စားသောက်ဆိုင်၊ ဟိုတယ်၊ ဘားများနှင့်ကဖေးများ နှင့်ချိတ်ဆက်ပေးသွားမည်ဖြစ်သည်။

Slade Property Services ၏ အဆိုအရ ရန်ကုန်မြို့ရှိ ရုံးခန်းအိမ်ခြံမြေဈေးကွက်မှာ Covidကာလတွင်တောင် တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ SPS က Grade A ရုံးအဆောက်အဦများအတွက် ကုန်စည်ပစ္စည်းသည် Yoma Central နှင့် အတူ ၂၀၂၂ ခုနှစ်တွင် သိသိသာသာ ပြန်တက်လာလိမ့်မည်ဟု ခန့်မှန်းထားပြီး ဤရောင်းအားအသစ်မှာ အိမ်ခြံမြေစံနှုန်းများအား ဖိအားပေးလိမ့်မည်။ Yoma Central သည် SPS ၏ ကြွယ်ဝသော စျေးကွက်ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို ပေါင်းစည်းပြီး ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်ပြောင်းလဲရန်လိုအပ်ချက်များကို အတူလိုက်ပါ ဖြည့်ဆည်းပေးနိုင်သော၊ စိတ်ချလုံခြုံသောပတ်ဝန်းကျင် ဖြစ်စေရန် ထောက်ပံ့ကူညီပေးဖို့ ယခင်ကထက် ပို၍ စိတ်အားထက်သန်နေပါသည်။

Post a Comment