Find Property:

Construction

ယနေ့ ကျွန်တော်တို့ Yoma Central ဆောက်လုပ်ရေးလုပ်ငန်းခွင်၏  နောက်ဆုံးတိုးတတ်မှုအခြေအနေသတင်းများ ကို ဝမ်း‌မြောက်စွာနဲ့ ဝေမျှလိုက်ရပါတယ်။ ပထမဦးစွာ တိုးတက်လာသော တာဝါ ၁ ၏ ဆောက်လုပ်ရေးအခြေအနေကို ကြည့်ခြင်းအားဖြင့် YCP ၏ ကောင်းမွန်သော လုပ်ဆောင်မှုကို သိသာထင်ရှားစေပါတယ်။ ယခုတွင် ၂၂ လွှာ အထိ လုပ်ဆောင်ပြီး ဖြစ်တာကြောင့် ဆက်လက်ဆောက်လုပ်ရန် အလွှာ ၄ လွှာ သာ ကျန်ရှိတာ ဖြစ်ပါတယ်။ တာဝါ ၁ နှင့် ၂ ၏ မျက်နှာစာများကိုလည်း ထပ်မံမွမ်းမံဆောင်ရွက်ပြီးပြီ ဖြစ်ပါတယ်။ MEP ကို လုပ်ငန်းခွင်၏ နေရာအနှံ့တွင် တပ်ဆင်ထားပြီး အတွင်းနံရံများမွမ်းမံခြင်းလုပ်ငန်းများလည်း တိုးတက်လာပြီ ဖြစ်ပါတယ်။